သီတင်းကျွတ်ကန်တော့ပွဲ

မြန်မာတို့၏ (၁၂) လ ရာသီပွဲတော်များ၌ ဝါတွင်းကာလပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော သီတင်းကျွတ်ပွဲတော်သည် နှစ်သစ်ကူးသင်္ကြန်ရေသဘင်ပွဲပြီးလျှင် ဒုတိယအကြီးဆုံးပွဲတော် ဖြစ်ပါသည်။

သီတင်းကျွတ်ပွဲတော်ရာသီ၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအပြင် မိမိတို့၏ မိဘများ၊ ဆရာသမားများ၊ သက်ကြီးဝါကြီးဆွေမျိုးသားချင်းများနှင့် မိမိတို့၏ အထက်လူကြီးများကို ကန်တော့ခြင်းသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအဖို့ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းလိုက်နာကျင့်သုံးခဲ့သော ကောင်းမြတ်သည့် ရိုးရာယဉ်ကျေးမှု အစဉ်အလာတခုဖြစ်ပါသည်။

မြန်မာနိုင်ငံတဝှမ်းရှိ ရုံးခွဲများမှ စထာပါနာဝန်ထမ်းများသည် ယခုနှစ်သီတင်းကျွတ်ရာသီတွင်လည်း မိမိတို့လူမျိုး၏ ကောင်းမြတ်သော ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းလိုက်နာခဲ့ကြပါသည်။

 

Share this post