စထာပါနာ၏ လူမှုအကျိုးပြုလုပ်ငန်းများလုပ်ကိုင်ရာတွင် လူထုများ၏ လူမှုဘဝဖူလုံရေးအတွက် အသင်းအဖွဲ့များတွင် ပါဝင်လှုပ်ရှားခြင်းကိုလည်း (Community Engagement) အထူးပြုလုပ်ဆောင်လျှက်ရှိသည်။ ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် ကျွနု်ပ်တို့ ရှင်သန်နေထိုင်အလုပ်လုပ်သော လူ့အဖွဲ့အစည်း၏ ချမ်းသာသုခကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
ကျန်းမာရေးသည် လူသားအားလုံးအတွက် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ သန့်ရှင်းသောသောက်သုံးရေ ရနိုင်ခြေသည် ကျန်းမာသော စိတ်နှင့်ခန္ဓာကိုယ်အတွက် အသက်တမျှအရေးကြီးသည်။ ကျန်းမာသောစိတ်သည် အထူးသဖြင့် ကျောင်းသားများ၏ သင်ယူနိုင်စွမ်းကို အထောက်အကူပြုသည်။
လူထုကျန်းမာရေးကို မြှင့်တင်အားပေးရန် ရည်ရွယ်၍ စထာပါနာသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့-ရွှေမင်းဝံအုပ်စု၊မြရတနာရပ်ကွက်၊မြရတနာ မူလွန်ကျောင်းတွင် ရေသန့်စက်ကို ၂၀၂၀ ခုနှစ်၊ မတ်လ (၃) ရက်နေ့တွင် လှူဒါန်းခဲ့ပါသည်။
ရေသန့်စက်၏ သန့်စင်စနစ်သည် ROS (Reverse Osmosis System) ဖြစ်ပြီး တစ်နေ့လျှင် သိုလှောင်အား (၅၀၀) ဂါလန်ရှိသည်။