စထာပါလီမိတက်၏ (၉)နှစ်ပြည့် နှစ်ပတ်လည်နေ့

စထာပါနာနေ့                                                                                                                                                                                                                             သြဂုတ်လ ၃ ရက်

ထူးချွန်ပြောင်မြောက်သော ကိုးနှစ်တာခရီးနှင့် “မနက်ဖြန်သို့ အတူတူ”

လေးစားချစ်ခင်ရပါသော စထာပါနာမိသားစုဝင်များခင်ဗျာ

စထာပါနာ၏ ကိုးနှစ်မြောက်ကျရောက်သောအထိမ်းအမှတ်နှစ်ပတ်လည်နေ့တွင် ကျွန်ုပ်တို့အတူတကွ ဖြတ်ကျော်ခဲ့သော မှတ်တိုင်များ၊ အနိုင်ယူခဲ့သည့် စိန်ခေါ်မှုများနှင့် တည်ဆောက်ခဲ့သော ရင်းနှီးခင်မင်မှုများကို ခေတ္တခဏရပ်တန့်ပြီး ပြန်လည်သတိရ အောက်မေ့ကြည့်ကြပါစို့။ ထိုအခါ ကျွန်ုပ်တို့ အားလုံး၏ နေ့ရက်တိုင်း၊ လုပ်ကိုင်ဆောင်ရွက်မှုတိုင်းနှင့် အပြုံးတစ်ခုစီတိုင်းက၊ တိုင်ချည်ဖောက်ခြည်သဖွယ် ပါဝင်ရက်ရှယ် ထားသည့် “စထာပါနာ” တည်းဟူသော အံ့သြဖွယ်လှပသည့် ဆေးရောင်စုံ အနုလက်ရာပန်းချီကားကို တွေ့မြင်ကြ ရမည်ဖြစ်ပါသည်။

စည်းလုံးညီညွတ်မှု – ကျွန်ုပ်တို့၏ အင်အားသည် ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှုပေါ်တွင် အခြေခံပါသည်။ လုပ်ငန်းကနဦးအချိန်မှစ၍ ယခုအချိန်အထိ ကျွန်ုပ်တို့သည် အချင်းချင်းအားပေးကူညီမှုများဖြင့် ယှဉ်တွဲရပ်တည်ခဲ့ကြပါသည်။

အောင်မြင်မှုများ – ကိုးနှစ်တာကာလအတွင်း မရေမတွက်နိုင်သော အောင်မြင်မှုများရရှိခဲ့ပြီး ကျွန်ုပ်တို့၏ လုပ်ငန်းအား ပိုမိုဖွံ့ဖြိုးကြီးထွားလာအောင်ချဲ့ထွင်နိုင်ခဲ့ခြင်း၊ ဆန်းသစ်တီထွင်မှုများပြုလုပ်ခြင်းနှင့် အသင်းသား တို့၏ လူမှုဘဝတိုးတက်ပြောင်းလဲလာအောင် တစ်ဖက်တစ်လမ်းမှ ကူညီပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ ကြပါသည်။ ကိန်းဂဏန်းများသာမက ကျွန်ုပ်တို့စွမ်းဆောင်နိုင်ခဲ့သော ကောင်းမွန်သည့် အကျိုးသက်ရောက်မှု များအတွက်လည်း ဂုဏ်ယူအောင်ပွဲခံကြပါစို့ဟု တိုက်တွန်း အပ်ပါသည်။

ကျေးဇူးတင်ရှိခြင်း – ကျွန်ုပ်တို့၏လုပ်ငန်းတည်ထောင်သူများ၊ အသင်းသားများနှင့် ဝန်ထမ်းတစ်ဦးချင်းစီအား ၄င်းတို့၏ မမှိတ်မသုန်ဆောင်ရွက်မှု၊ စိတ်အားထက်သန်မှုနှင့် မယိမ်းယိုင်သော စွမ်းဆောင်မှုများအတွက် အထူးကျေးဇူးတင်ပါသည်။ သင်တို့အားလုံးသည် ယနေ့ စထာပါနာဖြစ်တည်မှု၏ ဗဟိုချက်ပင်ဖြစ်ပါသည်။

အနာဂတ် – ထပ်မံ၍ ကျွန်ုပ်တို့စထာပါနာ၏ ဆယ်နှစ်မြောက်သို့ လျှောက်လှမ်းလာသည်နှင့်အမျှ၊ ပိုမိုကြီးမားသော ရည်မှန်းချက်များထားရှိပြီး၊ ထင်မှတ်မထားအောင် အံ့သြလောက်သော အောင်မြင်မှုများ ရရှိအောင် ဆက်လက်ဖန်တီးကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။ စထာပါနာအား အကောင်းဆုံးသော ရလဒ်များက စောင့်စားလျက်ရှိနေပါသည်။

ကျွန်ုပ်တို့၏ အသင်းသားများနှင့် မြန်မာနိုင်ငံသားများအတွက် ၄င်းတို့လက်လှမ်းမီပြီး၊ ရေရှည်တည်တံ့သော အကောင်းဆုံးဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှုများအား ပေးအပ်နိုင်ရန်ဟူသော ကျွန်ုပ်တို့၏ ကတိကဝတ် ကိုလည်း မြန်မာနိုင်ငံ၏ ထိပ်တန်း အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုအနေနှင့် ဤနေရာမှ ထပ်လောင်း အတည်ပြုအပ်ပါသည်။

ရှေ့လျှောက်ထပ်မံရရှိလာမည့် နှစ်ပေါင်းများစွာသော အောင်မြင်မှု၊ ပျော်ရွှင်မှုနှင့် ကောင်းမွန်သော အကျိုးသက်ရောက်ဖန်တီးမှုများအား ရည်မှန်းကာ ပျော်ရွှင်ဖွယ် နှစ်ပတ်လည် စထာပါနာနေ့ ဖြစ်ပါစေကြောင်းဆုတောင်းအပ်ပါသည်။

ကျေးဇူးတင်ပါသည်…    

 

 

Sudeep Gupta (Mr)                                                                                                                                                                                                                      CEO, SATHAPANA Limited

 

Share this post