မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းဒေသအသီးသီးမှ စထာပနာရုံးခွဲများတွင် တာဝန်ထမ်းဆောင်နေကြသော Office Assistant (ရုံးခွဲလက်ထောက်များ)အတွက် နေ့စဥ်လုပ်ငန်းဆောင်တာများတွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် နှင့် ကုမ္ပဏီမှ ချမှတ်ထားသော စည်းမျဥ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို အချိန်နှင့် တပြေးညီ သိရှိမှတ်သား လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ “Refreshment Training for Office Assistant” သင်တန်းကို စထာပနာရုံးချုပ်တွင် အောင်မြင်စွာ ပို့ချဖွင့်လှစ်ခဲ့ပါသည်။
ဤသင်တန်းတွင် ရုံးခွဲအသီးသီးမှ Office Assistant များအား သင်တန်းကာလအတွင်း လူ့စွမ်းအား အရင်းအမြစ်များ စီမံခန့်ခွဲခြင်း၊ စာရွက်စာတမ်း၊ ရုံးသုံးပစ္စည်း၊ ရုံးခန်းထိန်းသိမ်းခြင်း နှင့် သင်တန်းစီစဉ်ဆောင်ရွက်မှုများကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများကို ပိုမိုထိရောက်ကောင်းမွန်စေရန် အဓိကထား ဆွေးနွေးခဲ့ပြီး ယင်းမှတစ်ဆင့် ရုံးခွဲတစ်ခုလုံး၏ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးကာ လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရသည့် စိန်ခေါ်မှုများအတွက် လက်တွေ့ကျသော ဖြေရှင်းနည်းများကို ရရှိစေရန် သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
ယခုကဲ့သို့သော သင်တန်းများစီစဥ်ဆောင်ရွက်ပေးခြင်းအားဖြင့် ဝန်ထမ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း ကဏ္ဍအတွက် ကူညီပံ့ပိုးပေးသည့် စထာပနာ၏ လုပ်ငန်းစဥ်ကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ ကြောင်းတွေ့ရှိရပါသည်။သင်တန်းကာလအတွင်း တက်ကြွစွာပါဝင်လေ့လာသင်ယူခဲ့ကြသော ဆရာမများ အားလုံး ကိုလည်း ကျေးဇူးတင်ရှိကြောင်း အသိအမှတ်ပြုပြောကြားအပ်ပါသည်။
















