SATHAPANA Limited Stands with All Those Affected by the Earthquake

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့၊ မွန်းလွဲ (၁၂:၅၀) ဝန်းကျင်ခန့်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းမြို့၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အား ရစ်ချ်စတာစကေး ၇.၇ အထိ ပြင်းအားရှိသော ငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ထိခိုက်ဆုံးရှုံးမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့ပါသည်။

စထာပါနာ လီမိတက်သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သော ကျွန်ုပ်တို့၏ ဝန်ထမ်းများ ၊ အသင်းသားများ၊ မြန်မာပြည်သူပြည်သားများနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းရပြီး ကူညီမှုများကို လက်လှမ်းမီသရွေ့နှင့် တတ်အားသမျှပေးအပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Share this post