Sathapana Branch Management Workshop – 2025 Lotte Hotel, Yangon (08-03-2025)

စထာပါနာလီမိတက်သည် ၂၀၂၅ ခုနှစ်၏ Branch Management Workshop အား ရန်ကုန်မြို့၊ Lotte Hotel ၌ မတ်လ (၈) ရက်နေ့က ကျင်းပခဲ့ပါသည်။ ဤပွဲသို့ အမှုဆောင်အဖွဲ့ဝင်များ၊ ဌာနမှူးများ၊ ဒု-ဌာနမှူးများ၊ ရုံးချုပ်၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် ရုံးခွဲအသီးသီးမှ မန်နေဂျာများ တက်ရောက်ခဲ့ကာ အဆိုပါ Branch Management Workshop တွင် ပြီးခဲ့သောနှစ်အတွင်း ရရှိခဲ့သောအောင်မြင်မှုများ၊ လာမည့်နှစ်အတွက် မဟာဗျူဟာမြောက် စီမံချက်များ၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဓိကထား ဆွေးနွေးခဲ့သည်။
 
#CEO၏အဖွင့်အမှာစကား – အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Sudeep Gupta မှ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား ဂုဏ်ပြုကြိုဆိုရင်း အဆိုပါ ဆွေးနွေးပွဲဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သော စီမံရေးရာဌာနှင့် စျေးကွက်ဌာနတို့အား အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။ ထို့အပြင် ၄င်းအနေနှင့်လည်း အောက်ပါအချက်များကို အထူးပြုပြောကြားခဲ့သည်။
 
• စထာပါနာလီမိတက်သည် စတင်တည်ထောင်သည့် ၂၀၁၅ ခုနှစ်မှစတင်ကာ သိသာထင်ရှားသော တိုးတက်အောင်မြင်မှုများရရှိခဲ့ပြီး၊ လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုရှိ အသင်းသားပေါင်း (၃၀၀,၀၀၀) ခန့်အားဝန်ဆောင်မှုပေးအပ်လျက်ရှိကာ ချေးငွေစုစုပေါင်း ၂၅၀ ဘီလီယမ်ကျပ်ခန့်အား စီမံဆောင်ရွက်လျက်ရှိသည်။
• ဝန်ဆောင်မှုထုတ်ကုန်အသစ်နှစ်ခုဖြစ်သော စာရင်းသေအပ်ငွေဝန်ဆောင်မှုနှင့် Capital Taiyo အသက်အာမခံ လီမိတက်နှင့် ပူးပေါင်းကာ အသက်အာမခံဝန်ဆောင်မှုတို့အား စတင်မိတ်ဆက်ပေးနိုင်ခဲ့သည်။
 
• ၂၀၂၄ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရသော အခက်အခဲများဖြစ်သည့် နယ်မြေမတည်ငြိမ်မှုများ၊ ဗဟိုဘဏ်မှ အတိုးနှုန်းပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များ စသည်တို့ကို ကြံ့ကြံ့ခိုင်သော အသင်းအဖွဲ့အားထုတ်မှုများဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။
 
နိဂုံးချုပ်အနေဖြင့် အမှုဆောင်အရာရှိချုပ်သည် အသင်းအဖွဲ့လုပ်ဆောင်မှုများ၊ ဆန်းသစ်တီထွင်မှုများ၊ အသင်းသားဗဟိုပြုစီမံဆောင်ရွက်မှုတို့ကား ဤကဲ့သို့ စဉ်ဆက်မပြတ်သော အောင်မြင်မှုများ၏ သော့ချက်များဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပြီး၊ ဤပွဲသို့ တက်ရောက်လာကြသူများအားလည်း ရှေ့လျှောက် ရရှိလာမည့် အခွင့်အလမ်းများအား စထာပါနာလီမိတက်၏ ထမ်းရွက်မည့်တာဝန်နှင့် နှိုင်းယှဉ်ကာ ဆောင်ရွက်သွားကြရန် အားပေးတိုက်တွန်းခဲ့ပါသည်။
 
#DCEO၏ကြိုဆိုနှုတ်ခွန်းဆက်စကား – ဒုတိယအမှုဆောင်အရာရှိချုပ် Mr. Yuji Muto မှ ရုံးခွဲမန်နေဂျာများနှင့် ၄င်းတို့ ဝန်ထမ်းများ၏ နေ့စဉ်ကြိုးပမ်းဆောင်ရွက်မှုများကို ချီးကျူးဂုဏ်ပြုရင်း အောက်ပါအချက်များကို အလေးပေးပြောကြားခဲ့သည်။
 
• အဖွဲ့အစည်း၏ အင်အားကို စုစည်းပြသနိုင်ရန် ပေါ်လစီများ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်။
• ရုံးခွဲများအနေဖြင့် မိမိ၏ လက်အောက်ငယ်သားဝန်ထမ်းများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး စိတ်အားထက်သန်မှုတိုးပွားစေရန်နှင့် မသမာလိမ်လည်မှုများကိုတားဆီးနိုင်ရန် ဆောင်ရွက်ရမည်။
• ရုံးခွဲမန်နေဂျာများအနေဖြင့် ဝန်ထမ်းလေ့ကျင့်သင်ကြားခြင်းနှင့် မိမိနောက်ဆက်ခံသူရှာဖွေခြင်းတို့အား ၄င်းတို့၏ မဖြစ်မနေပြုလုပ်ရမည့် တာဝန်ဝတ္တရားများအနက်မှတစ်ခုအဖြစ် မှတ်သားထားရမည်။
 
၄င်းနောက် ဒုတိယအမှုဆောင်အရာရှိချုပ်သည် ကုန်ဆုံးတော့မည့် ဘဏ္ဍာနှစ်အား အောင်မြင်စွာဖြတ်သန်းပြီး လာမည့်နှစ်အတွင်းကြုံတွေ့ရမည့် အခက်အခဲများအတွက် အားအင်အသစ်များဖြင့် ပြန်လည်ပြင်ဆင်ကြရန် ပြောကြားကာ နိဂုံးချုပ်ခဲ့ပါသည်။
 
#အလုပ်ရုံဆွေးနွေးပွဲ၏အဓိကအလေးထားဆွေးနွေးပြောဆိုချက်များ-
 
• ပြည်နယ်/တိုင်းဒေသကြီးဆိုင်ရာ သုံးသပ်ချက်များနှင့် အနာဂတ်၏ မဟာဗျူဟာများ – အမှုဆောင်အရာရှိချုပ်နှင့် လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ်တို့မှ တင်ပြပြောကြားခဲ့သည်။
• ဘဏ္ဍာရေးဆိုင်ရာသုံးသပ်ချက်များ – ဘဏ္ဍာရေးအရာရှိချုပ်မှ ကုမ္ပဏီ၏ ဘဏ္ဍာရေးဆောင်ရွက်ချက်များနှင့် ရည်မှန်းချက်များကို တင်ပြခဲ့သည်။
• လုပ်ငန်းစီမံချက်များ – ပြည်နယ်/တိုင်းဒေသကြီးမန်နေဂျာများနှင့် ရုံးခွဲမန်နေဂျာများမှ ယခုနှစ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လာမည့် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မဟာဗျူဟာများကို ရှင်းလင်းတင်ပြကြပြီး အမှုဆောင်အရာရှိချုပ်မှ လိုအပ်သော မေးခွန်းများအား မေးကြားခဲ့သည်။
• ဘဏ်အာမခံ ခြုံငုံတင်ပြချက် – အကြီးတန်းစျေးကွက်ဌာနမှူးမှ အသက်အာမခံဝန်ဆောင်မှု ထုတ်ကုန်အသစ်နှင့် ၄င်းဝန်ဆောင်မှုထုတ်ကုန်၏ လုပ်ငန်းအလားအလာနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
 
#ဆုပေးပွဲအခမ်းအနား – ဘဏ္ဍာနှစ် ၂၀၂၄ ခုနှစ် အတွက် စံပြဝန်ထမ်းဆု၊ လုပ်သက်အကြာဆုံး ဝန်ထမ်းဆု၊ စွမ်းဆောင်ရည်အကောင်းဆုံးရုံးခွဲဆုများကို ပေးအပ်ခဲ့ပြီး၊ ဆုရရှိသူများအား ဂုဏ်ယူဝမ်းမြောက်စွာ ချီးကျူးဂုဏ်ပြုခဲ့ကြသည်။
 
#CEO၏နိဂုံးချုပ်အမှာစကား – အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား အမှုဆောင်အရာရှိချုပ် Mr. Gupta မှ အောက်ပါတို့ကို ပြောကြားကာ နိဂုံးချုပ်ခဲ့ပါသည်။
• ရရှိခဲ့သောအောင်မြင်မှုများကို ပြန်လည်သုံးသပ်ရင်း ကြုံတွေ့ရမည့် အခက်အခဲများကို ဖြေရှင်းနည်းဗဟိုပြု ချဉ်းကပ်မှုများဖြင့် ဆောင်ရွက်ခြင်း။
• စထာပါနာလီမိတက်၏ ကိုယ်ကျင့်တရား၊ အသင်းသားဗဟိုပြုမှု၊ ဆန်းသစ်တီထွင်မှု၊ အသင်းအဖွဲ့အလိုက်ဆောင်ရွက်မှု၊ ဆုံးရှုံးနိုင်ချေများကို ကြိုတင်ကာကွယ်ခြင်းဖြင့် စီမံခန့်ခွဲမှု စသည်တို့ကို ထပ်မံအတည်ပြုခြင်း။
 
• လုပ်ငန်းရည်မှန်းချက်များဖြစ်‌သော လုပ်ငန်းအား ၂၀ ရာခိုင်နှုန်း ထပ်မံချဲ့ထွင်ရန်၊ ပေးဆပ်ရန်နောက်ကျနေသော ချေးငွေပမာဏအား လျှော့ချရန်၊ ဒစ်ဂျစ်တယ်နည်းဖြင့် ချေးငွေပြန်လည်ကောက်ခံခြင်းနှင့် အသက်အာမခံဝန်ဆောင်မှု ရောင်းချမှုအား အလေးထားဆောင်ရွက်ရန် စသည်တို့ကို အတည်ပြုချမှတ်ခြင်း။
၄င်းနောက် အမှုဆောင်အရာရှိချုပ်မှ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူများအား အောက်ပါတို့ကို ပြန်လည်ဆန်းစစ်ရန် အားပေးပြောကြားခဲ့သည်။
• ချေးငွေပြန်လည်ကောက်ခံဆောင်ရွက်မှုများကို ကျင့်ဝတ်တရား၊ ပွင့်လင်းမြင်သာမှုတို့နှင့်အညီ တိုးမြှင့်လုပ်ဆောင်ရန်။
• လုပ်ငန်းလည်ပတ်ရာတွင် လုပ်ငန်းထိန်းချုပ်မှုစနစ်နှင့် သင့်လျော်သော လုပ်ပိုင်ခွင့်ပေးခြင်းများကို သဟဇာတဖြစ်အောင် လုပ်ဆောင်ရန်။
• အသင်းသားလိုအပ်ချက်များကို ထိရောက်စွာဖြည့်ဆည်းပေးနိုင်ရန် ဆန်းသစ်တီထွင်မှုများဆောင်ရွက်ရန်။
 
ဤအလုပ်ရုံဆွေးနွေးပွဲအား စုပေါင်းဓာတ်ပုံရိုက်ကူးခြင်းဖြင့် အဆုံးသတ်ကာ၊ ပါဝင်တက်ရောက်သူများအားလုံးမှ စိတ်အားတက်ကြွပြီး လာမည့်နှစ်အတွက် အကောင်းဆုံးပြင်ဆင်မှုများဖြစ်ပေါ်စေရန် သန္နိဌာန်ချမှတ်၍ အခန်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ညနေပိုင်းတွင် အလုပ်ရုံဆွေ‌ေနွးပွဲသို့ တက်ရောက်လာသောသူများအား ဂုဏပြုညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။
 

 

Share this post