လေ့ကျင့်သင်ကြားပေးမှုများ
၃၇၈၈
ရုံးတွင်းသင်တန်းသားအရေအတွက်
၃၂၉
ပြင်ပသင်တန်းတက်ရောက်သော ဝန်ထမ်းအရေအတွက်
၁၁
ထိရောက်သောရုံးခွဲစီမံအုပ်ချုပ်မှုသင်တန်း အကြိမ်အရေ အတွက်
၃၃
ဝန်ထမ်းသစ်လုပ်ငန်းခွင်အသုံးချသင်တန်း အကြိမ်အရေအတွက်
ဝန်ထမ်းသစ်လုပ်ငန်းခွင်အသုံးချသင်တန်း
ဝန်ထမ်းသစ်များအနေဖြင့် ကုမ္ပဏီ၏ မူဝါဒနှင့်လုပ်ငန်းစဉ်များကို အပြည့်အဝနားလည်ရန် ဝန်ထမ်းသစ်လုပ်ငန်းခွင်အသုံးချသင်တန်းအား ပို့ချပေးလျက်ရှိပါသည်။
ဝန်ထမ်းသစ်လုပ်ငန်းခွင်အသုံးချသင်တန်းကို လူ့စွမ်းအားအရင်းအမြစ်ဌာန၏ ပံ့ပိုးပေးမှုဖြင့် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းသစ်များသို့ ပို့ချပေးနေပါသည်။ ဤနည်းအားဖြင့် ဝန်ထမ်းသစ်များသည် လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်သည့်အချိန်မှစ၍ မိမိတို့၏ အခန်းကဏ္ဍဆိုင်ရာတာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်သည်။
မွမ်းမံသင်တန်း
ဝန်ထမ်းများအား ကုမ္ပဏီ၏တိုးတက်ပြောင်းလဲမှုသတင်းများနှင့် အဆက်မပြတ်စေရန် ရည်ရွယ်၍ မွမ်းမံသင်တန်းကို ပို့ချလျက်ရှိသည်။ ဌာနတိုင်းသည် ၎င်းတို့၏မူဝါဒများ ပြောင်းလဲမှုရှိခဲ့သော် ဝန်ထမ်းများအား အကြောင်းကြားရန်တာဝန်ရှိသည်။
ထိရောက်သောရုံးခွဲစီမံအုပ်ချုပ်မှုသင်တန်း
ရုံးခွဲတာဝန်ခံ၊ ရုံးခွဲငယ်တာဝန်ခံ၊ ချေးငွေတာဝန်ခံချုပ် ၊ လက်ထောက်ချေးငွေတာဝန်ခံချုပ် ၊ စာရင်းကိုင်နှင့် လက်ထောက်စာရင်းကိုင်တို့ကဲ့သို့သော ကုမ္ပဏီ၏အနာဂတ် အကျိုးထမ်းရွက်ဆက်ခံမည့်သူများအတွက် ဤသင်တန်းကို ပို့ချပေးလျက်ရှိသည်။ စီမံအုပ်ချုပ်နိုင်စွမ်းကို အရှိန်မြှင့်တင်ပေးရန်သာမက လူ့ကျင့်ဝတ်နှင့်ကိုက်ညီသော၊ တာဝန်ယူနိုင်သော အပြုအမူများနှင့်တကွ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွင်ရှိသော ဝန်ထမ်းများ၏ သဘောသဘာဝကို အလုံးစုံနားလည်နိုင်စေရန်ပါ ရည်ရွယ်ပါသည်။
စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်း
ရုံးအတွင်း ရာထူးတိုးသွားသော ရုံးခွဲတာဝန်ခံများ၏ အရည်အသွေးကို တိုးမြှင့်စေရန် အတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့် အသိပညာဗဟုသုတများ တိုးတက်ရေးကို ကုမ္ပဏီမှ ပံ့ပိုးပေးလျက်ရှိသည်။ သင်တန်းတက်ရောက်သူများအား အတွေးအခေါ်အမြင်ကျယ်စေရန် နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု၊ Soft and Human Skills တို့ကို ဖြန့်ဝေပေးလျက်ရှိသည်။
အရည်အချင်းမြှင့်တင်ခြင်းအစီအစဉ်
အရည်အချင်းမြှင့်တင်ခြင်းအစီအစဉ်သည် ရုံးခွဲနှင့် ရုံးချုပ်ရှိ ရာထူးအဆင့်ဆင့်မှ အလားအလာရှိသော ဝန်ထမ်းများအတွက် ရည်ရွယ်ပါသည်။ ဝန်ထမ်းများ၏ ထုတ်လုပ်နိုင်စွမ်းအား တည်မြဲစေရန်၊ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အားပေးရန်နှင့် အနာဂတ်တွင် တွေ့ကြုံလာရမည့် အပြောင်းအလဲများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဝန်ထမ်းများကို ခွန်အားပေးရန် ရေးဆွဲထားသော အစီအစဉ် ဖြစ်ပါသည်။
ဤအစီအစဉ်သည် ဝန်ထမ်းများအား စထာပါနာ ရည်မှန်းချက်ပန်းတိုင်၏ ရှေးရှုရာအတိုင်း အလုပ်လုပ်ရင်း ကုမ္ပဏီ၏ လုပ်ငန်းလှုပ်ရှားမှုများနှင့် အဆက်မပြတ်စေရန်၊ လိုအပ်သော အရည်အချင်း ပြည့်ဝစေရန်၊ စိတ်ဓာတ်တက်ကြွစေရန် ရည်ရွယ်ပါသည်။ ထိုနည်းအားဖြင့် အသင်းသားများ၏ စိတ်ကျေနပ်မှုနှင့် လုပ်ငန်းစွမ်းဆောင်မှုကို တိုးမြင့်စေပါသည်။ အရည်အချင်းမြှင့်တင်ခြင်းအစီအစဉ်သည် လက်ရှိဝန်ထမ်းများ အလုပ်တွင် တည်မြဲစေရန်၊ အဖွဲ့အစည်းအတွင်း ပိုမိုမြင့်မားသော ရာထူးနေရာများသို့ ရောက်ရှိရန် ဖြစ်ပါသည်။
အလုပ်သင်အစီအစဉ်
အကြံဉာဏ်သစ်များနှင့် ခွန်အားများ ပေးစွမ်းနိုင်သော ခေါင်းဆောင်နှင့် ကျွမ်းကျင်သူများ ပေါ်ပေါက်လာစေရန် အတွက် အလုပ်သင်များသည် စထာပါနာလီမိတက်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ စထာပါနာ၏ အနာဂတ်ကို ပုံဖော်ရာတွင် နိုင်ငံတဝှမ်းရှိ လူငယ်အတတ်ပညာရှင်များအား ပါဝင်လာစေချင်သည့် အပြင် စီမံခန့်ခွဲမှုအဖွဲ့၏ အစိတ်အပိုင်းတစ်ခုဖြစ်လာစေရန် ရည်ရွယ်ပါသည်။ ထို့အပြင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် နေသော အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်သည့် စထာပါနာလီမိတက် မြန်မာနှင့်အတူ လျင်မြန်စွာ တိုးတက်လာရန် မျှော်မှန်းပါသည်။
ဘဏ္ဍာရေးဌာန၊ လုပ်ငန်းလည်ပတ်ရေးဌာန၊ ဈေးကွက်ဌာန၊ ချေးငွေဌာန၊ ဝန်ထမ်းရေးရာဌာန၊ ဆုံးရှုံးနိုင်ခြေနှင့် လိုက်နာမှုဌာန၊ အတွင်းစာရင်းစစ်ဌာန၊ စီမံရေးရာဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်ဌာန အစရှိသည်တို့တွင် လူငယ်အတတ်ပညာရှင်များအား အလုပ်သင်အဖြစ်ပါဝင်လာရန် စထာပါနာသည် အများနှင့်မတူသော အလုပ်အကိုင် အခွင့်အလမ်းများကို ပေးအပ်လျက်ရှိပါသည်။
သက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်မှု
စထာပါနာလီမိတက်၌ သက်မွေးဝမ်းကျောင်း လုပ်ကိုင်ရခြင်းသည် စစ်မှန်သော၊ အများနှင့်မတူကွဲပြားသော အတွေ့အကြုံတစ်ခုဖြစ်သည်။ ဝန်ထမ်းတိုင်းတွင် တစ်ကိုယ်ရေတိုးတက်မှုသာမက သက်မွေးဝမ်းကျောင်း ရေရှည်တိုးတက်မှုတို့ ဖန်တီးရန် အခွင့်အလမ်းရှိပါသည်။
လတ်တလော ပို့ချနေသော သင်တန်းများ

Refreshment Training for Teller (Batch-1)
မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းဒေသအသီးသီးရှိ စထာပါနာရုံးခွဲများတွင် တာဝန်ထမ်းဆောင်နေကြသော Teller များအတွက် နေ့စဉ်လုပ်ငန်းများကို ပိုမိုချောမွေ့အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်နှင့် ကုမ္ပဏီမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို အချိန်နှင့်အညီ နားလည်မှတ်သားကာ မှန်ကန်စွာ လိုက်နာအသုံးချနိုင်စေရန် ရည်ရွယ်၍ “Refreshment Training for

𝐑𝐞𝐟𝐫𝐞𝐬𝐡𝐦𝐞𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐟𝐨𝐫 𝐂𝐚𝐬𝐡𝐢𝐞𝐫
မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းဒေသအသီးသီးရှိ စထာပါနာရုံးခွဲများတွင် တာဝန်ထမ်းဆောင်နေကြသော Cashier များအတွက် နေ့စဉ်လုပ်ငန်းများကို ပိုမိုချောမွေ့အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်နှင့် ကုမ္ပဏီမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို အချိန်နှင့်အညီ နားလည်မှတ်သားကာ မှန်ကန်စွာ လိုက်နာအသုံးချနိုင်စေရန် ရည်ရွယ်၍ “Refreshment Training

𝗧𝗵𝗲 𝗥𝗲𝗳𝗿𝗲𝘀𝗵𝗺𝗲𝗻𝘁 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗳𝗼𝗿 𝗢𝗳𝗳𝗶𝗰𝗲 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁
မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းဒေသအသီးသီးမှ စထာပနာရုံးခွဲများတွင် တာဝန်ထမ်းဆောင်နေကြသော Office Assistant (ရုံးခွဲလက်ထောက်များ)အတွက် နေ့စဥ်လုပ်ငန်းဆောင်တာများတွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် နှင့် ကုမ္ပဏီမှ ချမှတ်ထားသော စည်းမျဥ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို အချိန်နှင့် တပြေးညီ သိရှိမှတ်သား လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍

Refreshment Training for Accountant and Assistant Accountant
မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းဒေသအသီးသီးမှ စထာပါနာရုံးခွဲများတွင် တာဝန်ထမ်းဆောင်နေကြသော Accountant and Assistant Accountant( စာရင်းကိုင် နှင့် လက်ထောက်စာရင်းကိုင်များ) အတွက် နေ့စဥ်လုပ်ငန်းဆောင်တာ များတွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် နှင့် ကုမ္ပဏီမှ ချမှတ်ထားသော

𝗕𝗠’𝘀 𝗥𝗲𝗳𝗿𝗲𝘀𝗵𝗺𝗲𝗻𝘁 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗳𝗼𝗿 𝗕𝗿𝗮𝗻𝗰𝗵 𝗠𝗮𝗻𝗮𝗴𝗲𝗿𝘀
စထာပါနာလီမိတက် ရုံးခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ရုံးခွဲတာဝန်ခံများအတွက် ရုံးလုပ်ငန်းများကို လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ “BM’s Refreshment Training” ကို ရုံးချုပ်တွင် အောင်မြင်စွာပို့ချနိုင်ခဲ့ကြောင်း ဂုဏ်ယူစွာဖြင့် ဝေမျှလိုက်ပါသည်။ ဤသင်တန်းသည် ရုံးခွဲတာဝန်ခံများ ချမှတ်ထားသော မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်

✨ 𝐒𝐀𝐓𝐇𝐀𝐏𝐀𝐍𝐀 𝐋𝐢𝐦𝐢𝐭𝐞𝐝’𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐞𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 (𝐁𝐚𝐭𝐜𝐡 𝟒) — 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬 𝐍𝐨𝐰 𝐎𝐩𝐞𝐧! ✨
✨ SATHAPANA Limited’s Management Trainee Program (Batch 4) — Applications Now Open! ✨ Are you a passionate fresh graduate or

စထာပါနာလီမိတက်မြန်မာရှိဝန်ထမ်းများအတွက် “Leadership in Action” သင်တန်း
စထာပါနာလီမိတက် မြန်မာ ရုံးချုပ်တွင် တာဝန်ထမ်းဆောင်နေသော မန်နေဂျာအဆင့်ရှိ ဝန်ထမ်းများအတွက် အထူးရည်ရွယ်ပို့ချသော “Leadership in Action” သင်တန်း အောင်မြင်စွာပြီးဆုံးကြောင်း ဂုဏ်ယူစွာဖြင့် ဝေမျှလိုက်ပါသည်။ ဤသင်တန်းကို စီမံခန့်ခွဲမှုအဖွဲ့၏ ခိုင်မာသော အားပေးကူညီမှုနှင့် လမ်းညွှန်မှုများအောက်တွင် ကျွန်ုပ်တို့၏

Workplace Communicative English Training
စထာပါနာလီမိတက်သည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှုကို စဥ်ဆက်မပြတ် အားပေးလျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် အလျောက် ကုမ္ပဏီ၏ အောင်မြင်မှုကို ထောက်ပံ့ပေးသော လူ့စွမ်းအားအရင်းအမြစ် တစ်ခု ဖော်ဆောင်ရန် အလို့ငှာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် နှင့် အရည်အချင်း မြင့်မားမှုကို ကူညီထောက်ပံ့သော