မီးဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

သဘာဝဘေးအန္တရာယ်ဒဏ် တွေ့ကြုံခံစားခဲ့ရသော စထာပါနာအသင်းသားများအတွက် လူမှုဘဝလုံခြုံမှုနှင့် အကျိုးစီးပွားများ ထောက်ပံ့ပေးခြင်းသည် စထာပါနာ၊ လူမှုဖူလုံရေးအစီအစဉ်၏ ဦးစားပေးမှုများနှင့် မူဝါဒများ ထဲမှ တစ်ခုဖြစ်ပါသည်။ အသင်းသားများ၏ လူမှုအကျိုးစီးပွားကို ကာကွယ်ပေးသည့် အဖွဲ့အစည်းဖြစ်ရန်ဟူသော ကတိကဝတ်ကို စောင့်ထိန်းလိုက်နာရန် စထာပါနာလီမိတက်သည် မီးလောင်မှုကြောင့် လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးခဲ့ရသော အသင်းသား (၁၇) ယောက်၏ ချေးငွေလက်ကျန် (အကြွေးလက်ကျန်) ကို ပယ်ဖျက်ပေးခဲ့ ပါသည်။ အသင်းသားများ၏ဘဝ အခက်အခဲဖြစ်နေသောအချိန်တွင် ချေးငွေလက်ကျန် ပယ်ဖျက်ပေးခြင်းအား ဖြင့် အသင်းသားများ ချေးငွေပြန်လည်ပေးဆပ်ရန် ဝန်ထုပ်ဝန်ပိုးမှ ကင်းလွတ်ရပါသည်။

၂၀၂၁ ခုနှစ်၊ မေလ၊ (၁၅) ရက်နေ့တွင် ရွှေဘိုမြို့မဈေးတွင် လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၄) ရက်နေ့တွင် မြင်းမူမြို့နယ်၊ လှေဦးကန်ရွာတွင် လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁) ရက်နေ့ မနက်အစောပိုင်း တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်ဈေးတွင် လည်းကောင်း မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။

 

 

 

 

 

Share this post