Letter of Deep Condolence

 

SATHAPANA Limited wishes to express our deepest sympathies to family of Mr. Aung Thi Ha on the sudden demise of their beloved son while he was on duty. Thi Ha was the valued asset for the company, a person who can ask for, and inspiring member of Thaton branch team. He was always very supportive and motivating as a co-worker.


He was always keeping his company and colleagues before himself and that is such a rare quality to find. In such a short span of his association with this company, he has achieved what all of us could just dream. His contribution to the company as an employee will always be appreciated.


Please accept our deepest condolence for the family. We find ourselves extremely fortunate to have a chance to know him, to work with him, and share some beautiful memories with him. It was truly an honor for us to have colleague like him who was like family at home.


We are surely going to miss him each and every day at work and we are sure that our company will always wish that he could be here to share his thoughts with us. Our prayers and thoughts will always be there with you in these challenging times.

Management and Staff
SATHAPANA Limited


လူကြီးမင်းတို့၏ ချစ်လှစွာသောသား ကိုအောင်သီဟသည် တာဝန်ထမ်းဆောင်နေစဉ်အတွင်း အမှတ်မထင်ခွဲခွာ သွားရသောကြောင့် မိသားစု၏ ဆုံးရှုံးမှုအပေါ် ကျွန်ုပ်တို့ စထာပါနာလီမိတက်မှ ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲရပါသည်။ ကိုအောင်သီဟ သည် သထုံရုံးခွဲအဖွဲ့၏ အားကိုးရသောသူ၊ စံထားရသောသူတစ်ဦးဖြစ်ပြီး စထာပါနာလီမိတက်အနေဖြင့်လည်း တန်ဖိုးထားရသည့် ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ဖော်ပြလိုပါသည်။ ကိုအောင်သီဟ သည် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များအား စိတ်အားထက်သန်စွာ ကူညီတတ်ပြီး စိတ်ခွန်အား လည်း ပေးလေ့ရှိသူ ဖြစ်ပါသည်။


ကိုအောင်သီဟ ကဲ့သို့ ကုမ္ပဏီနှင့် လုပ်ဖော်ကိုင်ဖက်များကို အမြဲ ဦးစားပေးတတ်သည့် သူမတူ အရည်အချင်းမျိုး ရှိသူနှင့် ကြုံရခဲပါသည်။ ကိုအောင်သီဟ သည် ကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်ခဲ့သော အချိန်တိုကာလအတွင်း မှာပင် ကျွန်ုပ်တို့ ရည်မှန်းထားခဲ့သောအရာများကို အောင်မြင်စွာစွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သည်။ ဝန်ထမ်းကောင်း တစ်ယောက်အနေဖြင့် ကုမ္ပဏီအတွက် သူ၏ ကြိုးပမ်းလုပ်ဆောင်ပေးခဲ့မှုများကို အစဉ်ထာဝရ အသိအမှတ် ပြုသွားပါမည်။


ထိုကဲ့သို့ ဝန်ထမ်းကောင်းတစ်ယောက် ဆုံးရှုံးရမှုအပေါ် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ကိုအောင်သီဟနှင့် သိကျွမ်းခွင့်၊ အတူလက်တွဲလုပ်ကိုင်ခွင့်၊ တူတူဖြတ်သန်းခဲ့ရသည့် တန်ဖိုးရှိသော အမှတ်တရ ကောင်းများ ပိုင်ဆိုင်ခွင့် ရရှိခဲ့သည်များကို ကျွန်ုပ်တို့၏ ကံကောင်းခြင်းဟု မှတ်ယူမိပါသည်။ ကိုအောင်သီဟ လို မိသားစုဝင်တစ်ဦးအလား၊ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက် ရရှိခဲ့မှုအတွက် ကျွန်ုပ်တို့အနေဖြင့် များစွာ ဂုဏ်ယူရပါသည်။


ကျွန်ုပ်တို့ ကိုအောင်သီဟ ကို နေ့စဉ်နှင့်အမျှ မလွဲမသွေ အောက်မေ့သတိရနေမှာဖြစ်ပြီး ကုမ္ပဏီအနေဖြင့်လည်း ၎င်း၏ အတွေးအမြင်များကို ဝေမျှယူခွင့်ရရန် အမြဲမျှော်လင့်နေပါဦးမည်။ ယခုကဲ့သို့ ခက်ခဲသော အခြေအနေ မျိုးတွင် ကျွန်ုပ်တို့၏ ဆုတောင်းများနှင့် အတွေးများက ကိုအောင်သီဟနှင့်အတူတူ အမြဲထာဝရ ရှိနေပါလိမ့်မည်။

 

စီမံခန့်ခွဲရေးအဖွဲ့နှင့်ဝန်ထမ်းများ
စထာပါနာလီမိတက်

Share this post