မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ – ၂၀၁၉

စထာပါနာလီမိတက်မြန်မာ၏ လူမှုအကျိုးပြုလုပ်ငန်းဆိုင်ရာမူဝါဒအရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်းကို အထောက်အကူဖြစ်စေသော လှုပ်ရှားမှုများတွင် ပါဝင်ရန်ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပွဲကို ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှု၊ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဉီးမြို့နယ်၊ ကန်ကလေးရွာလမ်း၊ (ကန်ကလေးရွာ - မြောက်ချောကုန်းရွာကြားလမ်းမကြီး)၌ ကျင်းပခဲ့ပါသည်။ကျွန်းသစ်၊ ပိတောက်၊ ခရေနှင့် တမာ၊ ပျိုးပင်ပေါင်း (၁၀၀၀) ကျော်ကို လမ်းမကြီး၏ဘေးတွင် တစ်ပင်နှင့်တစ်ပင်ကြား (၁၀) ပေစီခြား၍…

Continue Readingမိုးရာသီသစ်ပင်စိုက်ပျိုးပွဲ – ၂၀၁၉

ကျောပိုးအိတ်များနှင့် စာရေးကိရိယာများလှူဒါန်းခြင်း

စထာပါနာလီမိတက်မြန်မာသည် ဒေသတွင်းပညာရေးကဏ္ဍအား ထောက်ခံအားပေးရန်ရည်ရွယ်၍ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပိတ္တာအခြေခံပညာမူလတန်းကျောင်းနှင့် သာပေါင်းမြို့နယ်၊ ကွင်းကောက်အခြေခံပညာမူလတန်းကျောင်းတို့ရှိ ကျောင်းသားပေါင်း(၂၀၀)ကျော်ကို ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများ လှူဒါန်းခဲ့ပါသည်။

Continue Readingကျောပိုးအိတ်များနှင့် စာရေးကိရိယာများလှူဒါန်းခြင်း

ရုံးခွဲသစ် ဖွင့်လှစ်ကြောင်း ကြေညာခြင်း

လူတိုင်းလက်လှမ်းမီသော ဘဏ္ဍာရေးဝန်ဆောင်မှုပေးခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စထာပါနာ၏ လုပ်ငန်းဆောင်ရွက်လည်ပတ်ရန် နယ်မြေကို တိုးချဲ့လျက်ရှိပါသည်။ ထိုရည်ရွယ်ချက်ဖြင့် စထာပါနာသည် ချောက်ရုံးခွဲ၊ ရွှေဘိုရုံးခွဲ စသော ရုံးခွဲသစ် (၂)ခုကို ဖွင့်လှစ်လိုက်ကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာ ကြေညာအပ်ပါသည်။အောက်ပါရုံးခွဲလိပ်စာများကို ဆက်သွယ်၍ ကျွန်ုပ်တို့၏ ဘဏ္ဍာရေးဝန်ဆောင်မှုများအား ရယူနိုင်ပါသည်။ အမှတ် (၉၉)၊ မင်းတုန်းလမ်းသွယ်နှင့် ဗန္ဓုလလမ်းမ၊ အမှတ် (၈) ရပ်ကွက်၊ (ကွက်သစ်အနောက်ရပ်)၊…

Continue Readingရုံးခွဲသစ် ဖွင့်လှစ်ကြောင်း ကြေညာခြင်း