Refreshment Training for Teller (Batch-1)

မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းဒေသအသီးသီးရှိ စထာပါနာရုံးခွဲများတွင် တာဝန်ထမ်းဆောင်နေကြသော Teller များအတွက် နေ့စဉ်လုပ်ငန်းများကို ပိုမိုချောမွေ့အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်နှင့် ကုမ္ပဏီမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို အချိန်နှင့်အညီ နားလည်မှတ်သားကာ မှန်ကန်စွာ လိုက်နာအသုံးချနိုင်စေရန် ရည်ရွယ်၍ “Refreshment Training for Teller (Batch-1)” သင်တန်းကို စထာပါနာရုံးချုပ်တွင် အောင်မြင်စွာ ဖွင့်လှစ်ပို့ချခဲ့ပါသည်။

သင်တန်းကာလအတွင်း ရုံးခွဲအသီးသီးမှ Teller များအား ငွေကြေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ငွေလက်ခံ/ငွေပေးချေမှုအဆင့်ဆင့်၊ ငွေစာရင်းနှင့် စာရွက်စာတမ်းများကို စနစ်တကျ စာရင်းထည့်သွင်း ရေးဆွဲခြင်းတို့အား အဓိကထား ဆွေးနွေးသင်ကြားခဲ့ပါသည်။ ထို့အပြင် လုပ်ငန်းခွင်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျသော နည်းလမ်းများဖြင့် ဖြေရှင်းနိုင်စေရန် အတွေ့အကြုံမျှဝေမှုများကိုလည်း ထည့်သွင်းဆောင်ရွက်ခဲ့ပါသည်။

ယခုကဲ့သို့ သင်တန်းများကို စဉ်ဆက်မပြတ် စီစဉ်ပေးခြင်းအားဖြင့် Teller များ၏ စွမ်းဆောင်ရည်တိုးတက်လာစေရန် အထောက်အကူပြုနိုင်ခဲ့သလို ရုံးခွဲလုပ်ငန်းဆောင်ရွက်မှုများ၏ ထိရောက်မှုကိုလည်း ပိုမိုမြှင့်တင်ပေးနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

သင်တန်းကာလအတွင်း တက်ကြွစွာ ပါဝင်လေ့လာသင်ယူခဲ့ကြသော Teller များအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း အသိအမှတ်ပြု၍ ပြောကြားအပ်ပါသည်။

Share this post