၂၀၂၅ ခုနှစ် CEO ၏ အမှာစကား
လေးစားတန်ဖိုးထားရပါသော ရင်းနှီးမြှုပ်နှံသူများ၊ ရှယ်ယာရှင်များ၊ ဝန်ထမ်းများနှင့် မိတ်ဖက်အသင်းသားများ ခင်ဗျား ၂၀၂၅ ခုနှစ်ကိုကြိုဆိုရင်း သင်နှင့် သင်၏ချစ်ရသူအားလုံး ပျော်ရွှင်ချမ်းမြေ့ပြီး တိုးတက်ကြီးပွားသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ကျွန်ုပ်အနေနှင့် ဦးစွာ ပဏာမ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ၂၀၂၄ ခုနှစ်ကို ပြန်လည်ဆန်းစစ်သောအခါ စထာပါနာလီမိတက်နှင့် ပတ်သက်ဆက်နွယ်သူ တစ်ဦးတစ်ယောက်ချင်းစီ၏ စထာပါနာလီမိတက်အပေါ် ထားရှိသော ယုံကြည်မှုနှင့် သာလွန်ကောင်းမွန်စွာ ပါဝင်လုပ်ကိုင်ဆောင်ရွက်ပေးမှုများအတွက် အထူးကျေးဇူးတင်ရှိပါသည်။…