လူမှုအဖွဲ့အစည်းအကျိုးပြုအနေဖြင့် ကမ္ဘာ့သွေးလှူရှင်များနေ့တွင် စထာပါနာဝန်ထမ်းများစုပေါင်း သွေးလှူဒါန်းခြင်း။

၂၀၂၃ခုနှစ် ၊ ဇွန်လ (၁၄) ရက် ၊ ရန်ကုန်။ ယနေ့၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ၊ ၁၄ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သွေးလှူရှင်များနေ့အား ဂုဏ်ပြုသောအားဖြင့် စထာပါနာလီမိတက်၏ ဝန်ထမ်းများမှ အမျိုးသားသွေးလှူဘဏ်၌ စုပေါင်း သွေးလှူဒါန်းခဲ့ကြပါသည်။ သွေးသည် လူသားအားလုံးအတွက် ဖန်းတီးလုပ်ယူ၍လည်းမရ၊ အစားထိုး၍လည်းမရသော အသက်သွေးကြောဖြစ်ပါသည်။ သန့်စင်သော သွေးကောင်းသွေးသန့်ရရှိရေးသည် အချိန်မီကုသမှုများဆောင်ရွက်ရန် သွေးလိုအပ်နေသော…

Continue Readingလူမှုအဖွဲ့အစည်းအကျိုးပြုအနေဖြင့် ကမ္ဘာ့သွေးလှူရှင်များနေ့တွင် စထာပါနာဝန်ထမ်းများစုပေါင်း သွေးလှူဒါန်းခြင်း။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လူမှုဖူလုံရေး ထောက်ပံ့ပေးအပ်မှုများ

ဘဝတွင်ကြုံတွေ့ရတတ်သည့် မမျှော်မှန်းနိုင်သော ကိစ္စရပ်များကြောင့် ထိခိုက်ဆုံးရှုံးရမှုများ ဖြစ်ပေါ်လာသော အခါ၊ မိမိအသင်းသားများ၏ လူမှုစီးပွားအပေါ် အကျိုးသက်ရောက်မှုများကို လျော့ပါးသက်သာစေရန်အတွက် ၎င်း၊ မိသားစုတွင် ကလေးမွေးဖွားလာသောအခါ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍၎င်း၊ "လူမှုဖူလုံရေး အစီအစဉ်" (Social Welfare Program) ကို ရေးဆွဲ၍၊ စထာပါနာမှ မိမိ၏အသင်းသားများကို “လူမှုရေးအကာအကွယ်" (Social Protection) ပေးအပ်ထားပါသည်။ အသင်းသားများ ကလေးမွေးဖွားခြင်း၊…

Continue Reading၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လူမှုဖူလုံရေး ထောက်ပံ့ပေးအပ်မှုများ

မီးဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

သဘာဝဘေးအန္တရာယ်ဒဏ် တွေ့ကြုံခံစားခဲ့ရသော စထာပါနာအသင်းသားများအတွက် လူမှုဘဝလုံခြုံမှုနှင့် အကျိုးစီးပွားများ ထောက်ပံ့ပေးခြင်းသည် စထာပါနာ၊ လူမှုဖူလုံရေးအစီအစဉ်၏ ဦးစားပေးမှုများနှင့် မူဝါဒများ ထဲမှ တစ်ခုဖြစ်ပါသည်။ အသင်းသားများ၏ လူမှုအကျိုးစီးပွားကို ကာကွယ်ပေးသည့် အဖွဲ့အစည်းဖြစ်ရန်ဟူသော ကတိကဝတ်ကို စောင့်ထိန်းလိုက်နာရန် စထာပါနာလီမိတက်သည် မီးလောင်မှုကြောင့် လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးခဲ့ရသော အသင်းသား (၁၇) ယောက်၏ ချေးငွေလက်ကျန် (အကြွေးလက်ကျန်) ကို…

Continue Readingမီးဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

မန္တလေးရုံးခွဲတွင် ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

စထာပါနာလီမိတက်၊ မန္တလေးရုံးခွဲမှ ရွှေဂဲရေထိန်းတံခါးအနီး တာရိုးကျိုးပေါက်၍ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ကျေးရွာများရှိ စထာပါနာအသင်သားများကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ၊ (၂၇) ရက်နေ့တွင် ဆန်၊ ဆီ နှင့် အစားအသောက်များကို ဝေငှကူညီပေးခဲ့ပါသည်။

Continue Readingမန္တလေးရုံးခွဲတွင် ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

မီးဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတမြို့နယ်၊ သုံးပင်ကွင်းရပ်ကွက်မှ အသင်းသား ၂ ဦး၊ စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် နယ်မြေ (၆\၁၃) မှ အသင်းသား ၁ ဦး၊ စစ်ကိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာအုပ်စု၊ ဘုန်းဘွဲ့ကျေးရွာ မှ အသင်းသား ၁ ဦးတို့သည် မတော်တဆဖြစ်ပွားသည့် မီးလောင်မှုကြောင့် (၁၀၀%) မီးလောင်ဆုံးရှုံးခဲ့ရသည့်အတွက် စထာပါနာ၏ အသင်းသား (၄)…

Continue Readingမီးဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

မကွေးမြို့ရှိ မီးဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်၊ အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာတွင် (၁၂.၀၂.၂၀၂၀) နေ့က လောင်ကျွမ်းခဲ့သော သဘာဝမီးဘေးအန္တရာယ်ကြောင့် (၁၀၀%) မီးလောင်ဆုံးရှုံးခဲ့ရသော စထာပါနာ၏ အသင်းသား (၁၃) ဦးအား ဝန်ထုပ်ဝန်ပိုးဆက်လက်မဖြစ်စေရေးအတွက် စထာပါနာလီမိတက်မှ ရရန်ကျန်ရှိနေသေးသော ချေးငွေလက်ကျန် စုစုပေါင်း (ငွေကျပ် ၄,၅၇၅,၀၀၀/-) ကို အကြွေးစာရင်းမှ ပယ်ဖျက်ပေးခဲ့ပါသည်။

Continue Readingမကွေးမြို့ရှိ မီးဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း